Chicco Baby Meal Set Beginning 6 Month No.505100

42800 KS
Availability: In stock
Item Condition: New

Description:

Chicco Baby Meal Set မှာ သားသားမီးမီးတို့အတွက် ပန်းကန်၊ ဇွန်း နဲ့ ရေခွက်တို့ ပါဝင်ပါတယ်။ Chicco Baby Stay Warm Plate သည် BPA Free ဖြစ်ပြီး Italy မှ ဆရာဝန်ကြီးများနှင့် စမ်းသပ်ထုတ်လုပ်ထားသော ပစ္စည်းဖြစ်ပါသည်။ အောက်ခံ ပန်းကန်ပြားကတော့ ဖြည့်စွက်စာ ပူပူလေး (သို့မဟုတ်) ဟင်းရည်၊ စွပ်ပြုတ် အပူကို ထိန်းထားပေးနိုင်လို့ အစားအသောက်တွေအေးမှာ စိုးရိမ်စရာမလိုတော့ပါဘူးနော်။ ပူနေတဲ့ အစားတွေအေးဖို့ကတော့ အပေါ်ကပန်းကန်ပြားအဖြူလေးထဲ ထည့်လိုက်ရင် မြန်မြန်အေးစေမှာပါ။ ပန်းကန်ပြားရဲ့ အောက်ခြေမှာ ပန်းကန်ချော်မထွက်အောင်အတွက် ဒီဇိုင်းပြုလုပ်ထားပေးပါတယ်။ ဇွန်းထားဖို့နေရာလည်းလုပ်ပေးထားလို့ ဇွန်းပြုတ်ကျမှာ၊ လည်မနေတော့လို့ ပေပွတာတွေ သက်သာစေမှာပါ။ မိုက်ခရိုဝေ့ထဲလည်း ထည့်ပြီး နွှေးလို့ရသလို ပန်းကန်ဆေးစက်ထဲလည့် ထည့်ပြီးဆေးလို့ရပါတယ်။ အသက် (၆) လ ဖြည့်စွက်စာ ကျွေးတဲ့ အချိန်က စပြီး အသုံးပြုလို့ရပါတယ်။ ဇွန်းကတော့ သားသားမီးမီးတို့ ပထမဆုံး စစားတဲ့ အချိန်မှာ စားလို့ အဆင်ပြေစေမယ့် ဒီဇိုင်းနဲ့ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Chicco Training Cup သည် BPA Free ဖြစ်ပြီး Italy မှ ဆရာဝန်ကြီးများနှင့် စမ်းသပ်ထုတ်လုပ်ထားသော ပစ္စည်းဖြစ်ပါသည်။ ကလေးတွေကို နို့ဘူးကနေရေခွက်ပြောင်းသောက်တတ်အောင် လေ့ကျင့်ပေးတဲ့ရေခွက် ဖြစ်ပါတယ်။ အရည်ဖိတ်မကျအောင်ပြုလုပ်ထားသော ရေခွက်ဖြစ်တာမို့ သားသားမီးမီးတို့သောက်နေရင်း ရေဖိတ်ကျတာမျိုးမဖြစ်စေပါဘူး။ ကလေးငယ်တို့ရဲ့ နုနယ်တဲ့သွားဖုံးလေးတွေကို နာကျင်မှုမဖြစ်စေအောင်လည်း နူးညံ့တဲ့ silicone နဲ့ ပြုလုပ်ထားပေးပါတယ်။ သားသားမီးမီးတို့ ရဲ့ လက်နဲ့ကိုင်လို့ အဆင်ပြေစေမည့် လက်ကိုင်ဒီဇိုင်းဖြစ်အောင် စမ်းသပ်ထုတ်လုပ်ထားပါတယ်။ အသက် (၆) လမှ စတင်အသုံးပြုနိုင်ပါတယ်။ (၂၀၀) မီလီလီတာ ဆန့်ပါသည်။

Available Options: