Item Condition: New
Description:
မွေးကင်းစကလေးများ၏ အသားအရည်သည် နူးညံ့ပျော့ပျောင်းပြီး ပါးသဖြင့် ရောဂါပိုးမွှားများ အလွယ်တကူ ဝင်ရောက်နိုင်သဖြင့် မိခင်များသည် ရင်သွေးငယ်များ၏ အသားအရည်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။
မွေးစမှ (၂) နှစ်အထိ အသားအရည်သည် ပုံမှန် အသားအရည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မမှုနည်းသဖြင့် ကလေးငယ်များတွင် အရေပြားဓာတ်မတည့်မှု ဖြစ်ခြင်း၊ ယားယံခြင်း၊ နီမြန်းခြင်း နှင့် အဖုအပိန့်များ ဖြစ်ပေါ်နိုင်သဖြင့် ကာကွယ်ရန် လိုအပ်ပါသည်။
Chicco သည် Italy နိုင်ငံမှ အရေပြားအထူးကုဆရာဝန်ကြီးများနှင့် ပညာရှင်များကိုယ်တိုင် စမ်းသပ်ပြီး အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ထားသဖြင့် အရေပြားဓာတ်မတည့်မှု အနည်းဆုံးဖြစ်ခြင်း၊ ကြာရှည်ခံဓာတုပစ္စည်းများ မပါဝင်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်စေခြင်းမှ ကင်းဝေစေပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သော ပစ္စည်းများဖြစ်ပါသည်။